Skip to main content

(၇၅) နှစ်မြောက် စိန်ရတုတပ်မတော် (ရေ) နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အား ရွှေစင်ပြားကိုးပြား ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၆

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော် (ရေ) နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အတွင်း ဘာသာသာသနာထွန်းကားမှုကို အထောက်အပံ့ဖြစ်စေရန်နှင့် အများပြည်သူများ ကြည်ညိုသပ္ပာယ်စွာဖူးမြော်ရန်၊ ကုသိုလ်တရားပွားများနိုင်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး ဒေါက်တာဒေါ်အေးခိုင်ညွန့်နှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည် မိသားစုဝင်များက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အတွက် ရွှေစင်ပြားကိုးပြား ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော် အရှေ့ဘက်မုခ်၌ ကျင်းပသည်။

ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်တွင် ကပ်လှူပူဇော်မည့် ရွှေစင်ပြားကိုးပြားအတွက် လှူဒါန်းငွေကျပ် ၁၄၄ သိန်းကို ဘုရားဂေါပကထံသို့ လှူဒါန်းပြီး ဘုရားဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

သတင်စဉ်