နေပြည်တော် ဒီဇင်ဘာ ၁၄
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်၉နာရီခွဲတွင် နေပြည်တော်ရှိလူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က နိုင်ငံအတွင်းရှိ လူဦးရေစာရင်း မှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်း တာဝန်ပေးအပ် သကဲ့သို့ကြီးကြပ်မှု ဗဟိုကော်မတီကလည်း တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စုကြီးကြပ်မှုကော်မတီ အဆင့်ဆင့်နှင့် မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ (Working Group)ကို ဖွဲ့စည်း တာဝန်ပေး အပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက် ရမည်ဖြစ်ပြီး သတ်မှတ်ကာလအချိန်တိုအတွင်း ပြီးစီးနိုင်ရေးနှင့် တိကျမှန်ကန်သော လူဦးရေ စာရင်း ရရှိစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို သင်တန်းများဖွင့် လှစ်ပို့ချဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ယခုဖွင့်လှစ်သည့် ဗဟိုအဆင့်နည်းပြသင်တန်း များတွင် ထိထိရောက်ရောက် ပြန်လည်ပို့ချနိုင် သည် အထိတတ်ကျွမ်းနားလည်မှသာ လက်တွေ့မြေပြင် ကွင်းဆင်း ကောက်ယူမည့် အဖွဲ့များအနေဖြင့် လက်တွေ့နယ်ပယ်၌တိကျမှန်ကန်သောလူဦးရေ စာရင်းများ ကောက်ယူမှတ် သားနိုင်မည်ဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းကောက် ယူရာတွင်မသန်စွမ်း ငါးမျိုး၏ အချက်အလက်များကိုလည်း သတ်မှတ် ပုံစံဖြင့်ကောက်ယူနိုင်ရေး သက်ဆိုင်ရာဌာနမှ လာရောက်ရှင်းလင်းပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် စနစ်တကျ လိုက်နာ မှတ်သားကြရန်နှင့်မရှင်းလင်းသည့်အချက်များကို ပွင့်ပွင့်လင်းလင်းမေးမြန်းဆွေးနွေးကြရန် လိုကြောင်း၊ သို့မှသာမိမိတို့ ပိုင်ပိုင်နိုင်နိုင် နားလည် တတ်ကျွမ်းသည့် အကြောင်းအရာ များကိုဆင့်ပွား သင်တန်းများ၌ထိထိရောက်ရောက်ပြန်လည် ရှင်းလင်းသင်ကြားပို့ချနိုင်မည် ဖြစ်ပြီးလက်တွေ့ ဆောင်ရွက်မှုများတွင် အောင်မြင်စွာ ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယခုဖွင့်လှစ်သည့် ဗဟိုအဆင့် နည်းပြသင်တန်း ကို နေပြည်တော်၌ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက် တို့တွင် လည်းကောင်း၊တိုင်းဒေသကြီး/ပြည်နယ် အဆင့် ဆင့်ပွား သင်တန်းများကို သက်ဆိုင်ရာ ဒေသ များ၌ဒီဇင်ဘာ ၂၂ရက်နှင့်၂၃ ရက်တို့တွင် လည်းကောင်း၊ မြို့နယ်အဆင့် ဆင့်ပွားသင်တန်း များကို သက်ဆိုင်ရာ မြို့နယ်များ၌ ဒီဇင်ဘာ ၂၇ ရက် နှင့်၂၈ ရက်တို့တွင်လည်းကောင်း ဖွင့်လှစ်ပို့ချသွား မည်ဖြစ်ပြီး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေးအဖွဲ့ (Working Group)များက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ၃၁ ရက်အထိ၂၃ ရက် အတွင်းတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြိုင်နက် တည်းကောက်ယူမှတ်သား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်