Skip to main content

MSME ချေးငွေများဆိုင်ရာ အသိပေးကြေညာချက်

၁။      နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးနှင့် လုပ်ငန်းများ ပိုမိုချဲ့ထွင်နိုင်ရေးတို့အတွက် လိုအပ်သည့် ငွေကြေးအရင်းအနှီးများ ရရှိစေရန် MSME ချေးငွေများကို ၂၀၁၂ ခုနှစ်မှ စတင်၍ ထုတ်ချေးပေးလျက်ရှိပါသည်။ MSME လုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါ ချေးငွေအမျိုးအစားများကို သက်ဆိုင်ရာဘဏ်များသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည် -

(က)    JICA Two-Step Loan ချေးငွေ

ဆောင်ရွက်သည့်ဘဏ် -      မြန်မာ့စီးပွားရေးဘဏ်၊ ဧရာဝတီဘဏ်၊      သမဝါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်

             ချေးငွေသက်တမ်း   -             (၅)နှစ် (အများဆုံး)

             ချေးငွေပမာဏ       -             ကျပ်သန်း ၅၀၀ (အများဆုံး)

               အတိုးနှုန်း -                ၅.၅% (မရွှေ့ပြောင်းနိုင်သော အာမခံပစ္စည်းဖြင့်ချေးယူလျှင်)                                       ၆% - ၁၀% (အပေါင်ပစ္စည်းလျှော့ပေါ့ချေးငွေချေးယူလျှင်)

          အပေါင်ပစ္စည်း -             မရွှေ့ပြောင်းနိုင်သောပစ္စည်း(မြေနှင့် မြေပေါ်ရှိအဆောက်အဦ)၊

                                            CGI အာမခံ

(ခ)     MEB (MSME) ချေးငွေ

          ဆောင်ရွက်သည့်ဘဏ် -   မြန်မာ့စီးပွားရေးဘဏ်

          ချေးငွေသက်တမ်း      -     (၅)နှစ် (အများဆုံး)

          ချေးငွေပမာဏ          -     ကျပ်သန်း ၃၀၀ (အများဆုံး)

          အတိုးနှုန်း                -     ၆.၅% (မရွှေ့ပြောင်းနိုင်သော အာမခံပစ္စည်းဖြင့်ချေးယူလျှင်)

                                             ၇%~၉% (အပေါင်ပစ္စည်းလျှော့ပေါ့ချေးငွေချေးယူလျှင်)

                                             ၈.၅%-၁၁.၅% (အပေါင်ပစ္စည်းတွင် စက်ပစ္စည်း အာမခံ

                                             ထည့်သွင်း ချေးယူလျှင်)

          အပေါင်ပစ္စည်း       -      မရွှေ့ပြောင်းနိုင်သောပစ္စည်း(မြေနှင့်မြေပေါ်ရှိအဆောက်အဦ)၊

                                           CGI အာမခံ၊ စက်ပစ္စည်း

၂။       ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ထုတ်ချေးသည့် ချေးငွေအစီအစဉ်များအနက် SMIDB (SME) ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင်(၄၅၆)ဦးသို့ ချေးငွေကျပ် (၂၀,၆၃၈)သန်း၊ JICA Two-Step Loan (MSME)ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင်(၂,၀၄၅)ဦးသို့ ချေးငွေကျပ် (၃၆၄,၅၃၄.၁၈)သန်းနှင့် MEB(MSME) ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင် (၃၄၂)ဦးသို့ ချေးငွေကျပ် (၂၅,၉၇၇)သန်း ထုတ်ချေးပြီး ဖြစ်ပါသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ