Skip to main content

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ)နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက စုပေါင်းသွေးလှူဒါန်း၊ ဘိုးဘွားရိပ်သာများအား အလှူငွေများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်း

နေပြည်တော် ဒီဇင်ဘာ ၁၃

(၇၅)နှစ်မြောက် စိန်ရတု တပ်မတော်(လေ)နှစ်ပတ်လည် နေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကွပ်ကဲမှုအောက်တပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဒီဇင်ဘာ ၁၂ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာ နယ်မြေခံတပ်မတော် ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများ၌ စုပေါင်းသွေးလှူဒါန်းကြသည်။

ထိုသို့ လှူဒါန်းရာတွင် တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက သက်ဆိုင်ရာ ဆေးရုံများရှိ သတ်မှတ်နေရာ အသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြပြီး ယင်းသို့ သွေးလှူဒါန်းနေမှုများကို သက်ဆိုင်ရာလေတပ် စခန်းဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးကာ သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။ ယင်းနောက် သက်ဆိုင်ရာဆေးရုံများမှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် နမ္မဒါဘိုးဘွားရိပ်သာဖြစ်မြောက်ရေးအတွက် အလှူငွေများနှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မိတ္ထီလာဘိုးဘွားရိပ်သာသို့ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများကို တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်