Skip to main content

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်နှင့် ပြည်ထောင်စုနယ်မြေရှိ လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှု ဆက်လက်ဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၁၃

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ယနေ့တွင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် ပြည်ထောင်စုနယ်မြေရှိ လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနများဖြစ်သည့် စက်မှုဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှုများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ စက်မှုဝန်ကြီးဌာနမှ အာမခံအလုပ်သမား ၁၇၉၈ ဦးရှိသည့်အနက် အာမခံအလုပ်သမား ၂၅၁ ဦးကို လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အာမခံအလုပ်သမား ၁၆၆၆ ဦးရှိသည့်အနက် အာမခံအလုပ်သမား ၁၉၁ ဦးကိုလည်းကောင်း ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံ ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်ရှိ အကျုံးဝင် အာမခံ အလုပ်သမားပေါင်း ၁ ဒသမ၂၃ သန်းခန့်၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို အလုပ်သမာ ဆေးရုံကြီးသုံးရုံ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ရုံးခွဲပေါင်း ၉၉ ရုံး၊ မြို့နယ် ဆေးခန်းပေါင်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၅၇ ခန်း၊ PPS စနစ်ဖြင့် Fee for services payment ဆေးခန်း ၁၂ ခန်း၊ Capitation payment ဆေးခန်း ၂၅ ခန်း၊ သားဖွား မီးယပ်ဝန်ဆောင်မှု ဆေးခန်း ရှစ်ခန်းနှင့် တိုင်းရင်းဆေးကုခန်း တစ်ခန်းများအပြင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) နှစ်စီးနှင့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်၍ ဒီဇင်ဘာ ၁၄ ရက်အထိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနများရှိ အာမခံအလုပ်သမားများအတွက် ဆေးကုသမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များသို့ ကွင်းဆင်းဆေးကုသမှုများ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်