နေပြည်တော် ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ ၂ ရက်တာ ပုသိမ်မြို့ရှိ မြို့တော်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို ယုံကြည်စိတ်ချစွာ လာရောက်ယှဉ်ပြိုင် ရောင်းချနိုင်ကြောင်း သိရသည်။
သတင်းစဉ်