နေပြည်တော် နိုဝင်ဘာ ၂၈
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ (တတိယနေ့) ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ဆက်လက်ကျင်းပသည်။
ပဒေသာကပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၎င်းတို့၏ ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ပျော်ရွှင်စွာ သီဆိုကပြ
ပဒေသာကပွဲတွင် ရုပ်ရှင်၊ သဘင်နှင့်ဂီတတို့မှ အနုပညာရှင်များက ပဏာမဧည့်ခံ ဂီတသံ၊ လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ်၊ “တောသူအချစ်”၊ “မေတ္တာ နုနုစေလိုသူ”၊ “ရောင်စုံမမ”၊ “ဟေ့ အချစ်”၊ လွတ်လပ်ရေးနေ့ ဂုဏ်ပြု ပဏာမ တေးတစ်ပုဒ်ဖြစ်သည့် “ပြည့်ရတနာ”၊ “ကံ့ကော်မျက်ရည်”၊ “မိတော့မိတယ်”၊ “မျက်လုံးချင်း စကားပြောနေပြီ”၊ “ပင်ချင်းယှက်၍ နွယ်ချင်းခက်သော်” တေးသီချင်းတို့ဖြင့်လည်းကောင်း၊ “ပြန်လည်ဆုံတွေ့ကြရာဝယ်” နှစ်သံ တစ်ကိုယ်တင်ဆက်မှုဖြင့်လည်းကောင်း၊ “ဗာရာဏသီ” တစ်ခန်းရပ် ပြဇာတ်ဖြင့်လည်းကောင်း၊ “ပြန်ပေးပါရစေ အသည်းလေးတစ်မွှာ”၊ “အချိန်ရမှ နားထောင်ပါ”၊ “အချစ်နတ်ဆိုးလေး”၊ “ပြန်လာခဲ့”၊ “ကချင်မြေကိုလာပါ”၊ “ရုံးတော် လွှတ်တော်”၊ တေးသီချင်းတို့ဖြင့်လည်းကောင်း၊ “ရွှေစွန်ညို” တေးသရုပ်ဖော် ကပြဖျော်ဖြေမှုဖြင့် လည်းကောင်း၊ “ဘယ်သူ ဆရာကြီးလဲ” ပြဇာတ်ဖြင့်လည်းကောင်း၊ “သောကတောင်တန်း”၊ “ယောသူတို့ရွာ”၊ “စနေထောင့်မှာ ပန်းလှူမယ်”၊ “အန်ကယ်ကတော့ No ပါ” တေးသီချင်းတို့ဖြင့်လည်းကောင်း၊ “အညာမိသွားတဲ့ အညာသားလေး” တေးသရုပ်ဖော်၊ ကရင်ပြည်နယ် ဒုံရောင်ဖူးကျော်ဇာတ်အဖွဲ့မှ နှစ်ပါးသွား ဖျော်ဖြေတင်ဆက်မှု၊ စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအနား သတ် အစီအစဉ်တို့ဖြင့်လည်းကောင်း ပျော်ရွှင်စွာ သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။
ကပြဖျော်ဖြေတင်ဆက်မည်
အဆိုပါ ပဒေသာကပွဲကို ပြည်သူများစိတ်ကြည်နူးချမ်းမြေ့စေရန်နှင့် လွတ်လပ်ရေး၏ အငွေ့အသက်များ ခံစားနားလည်နိုင်စေရန်ရည်ရွယ်၍ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေးဦးစီး ကော်မတီကကြီးမှူးပြီး နေပြည်တော်မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံ၌ နိုဝင်ဘာ ၃၀ ရက်အထိ ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအတွင်း ကပြဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်