နေပြည်တော် နိုဝင်ဘာ ၂၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၄ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ် ကံလှကျေးရွာ နတ်မောက်လမ်းနှင့်သင်ကြားရေးလမ်းဆုံအနီး၌ လိုင်စင်မဲ့ TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ မင်းဘူးမြို့ ထောက်ရှာပင်-ထန်းကိုင်း- မန်းရေနံမြေ ဟေလာတောင် နယ်မြေအတွင်း၌ တရားမဝင် ရေနံစိမ်း ၁၀ ဂါလန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀) ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၃၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် နိုဝင်ဘာ ၂၄ ရက်တွင် တာဝန်ကျ အကောက်ခွန်အဖွဲ့က သတင်းအရ ပဲခူးမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ရွှေသံလွင် တိုးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများဖြစ်သော Lactasoy Soy Milk ၊ Royal-D (Electrolyte Beverage)၊ Nestle Milo ၊ ထိုင်းနိုင်ငံထုတ် စားသုံးဆီများ၊ ရေခဲသေတ္တာနှင့် အဝတ်လျှော်စက်များ ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၇၆၄၀၀၀ နှင့် အဆို ပါပစ္စည်းများ တင်ဆောင်လာသော NISSAN အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်း အရလည်းကောင်း၊ နိုဝင်ဘာ ၂၅ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် ကျောက်တံခါးမြို့နယ်၌ တရားမဝင်ကျွန်းပါကေး (အကြမ်းတုံး)များ၊ ကျွန်းသစ်ခွဲသားနှင့် ပျဉ်းကတိုးသစ်ခွဲသားများ ၁ ဒသမ ၅၀၇၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၂၆၄၂) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၁၅၆၆၆၄၂ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၄ ရက်တွင် (၁၆) မိုင်ကျောက် ချောစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်တင်ပို့ခွင့် အထောက်အထား တင်ပြနိုင်ခြင်းမရှိသော နှမ်းနက် ၈၉၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈၀၀၀၀၀)၊ အဆိုပါ ကုန်စည်များ တင်ဆောင်လာသော DONG FENG Tractor Head အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို လည်းကောင်း၊ နိုဝင်ဘာ ၂၅ ရက်တွင် လက်ပံလှ-စဉ့်ကူး ယာယီစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရုတ်နိုင်ငံထုတ် အနွေးထည် အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များ အထည် ၃၅၀၀ (ခန့် မှန်းတန်ဖိုးငွေကျပ် ၇၂၅၀၀၀၀)၊ အဆိုပါ အဝတ်အထည်များ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၅၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၂၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန် လှောင်ရုံ၌ တာဝန်ကျအကောက် ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသော လုပ်ငန်းသုံး စက်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၆၁၂၃၉)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၄ ရက် နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၇၈၈၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်