Skip to main content

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးတွင် ဦးစီးဌာနအလိုက် ဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၃၀

ဒုတိယဝန်ကြီး ဦးဝင်းဖေသည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးတွင် လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ သည်။

တွေ့ဆုံပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်မှ ဦးစီးဌာနအလိုက် အရာထမ်း၊ အမှုထမ်းများက ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအလိုက် အရာထမ်း၊ အမှုထမ်းများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေချိန်တွင် ဝန်ထမ်း များ၏ လူပုဂ္ဂိုလ်လုံခြုံရေး၊ ရုံး/ ဌာနအဆောက်အဦ၊ စက်ယာဉ်ယန္တရားများလုံခြုံရေးအား အထူး ဂရုပြုရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် လိုက်နာရမည့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း ဝန်ထမ်းများအားလုံး ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်ကို မလွဲမသွေ လိုက်နာကျင့်သုံးပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်းရှိ အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းရေးရာ ဆွေးနွေးတင်ပြချက်များကို ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်