Skip to main content

ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄) မှုတို့ကို စီရင်ချက်ချမှတ်ပြီး တရားမအထူးအယူခံမှု (၄) မှုကို ရုံးထိုင်ကြားနာ

နေပြည်တော် စက်တင်ဘာ ၁၉

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကိုတို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၂/၂၀၂၂ (မန္တလေး)နှင့် တရားမအထူးအယူခံမှုအမှတ် ၂/၂၀၂၂ (ရန်ကုန်)၊ ၁၂/၂၀၂၁ (မန္တလေး)၊ ၃/၂၀၂၂ (ရန်ကုန်)နှင့် ၆ / ၂၀၂၂ (မန္တလေး) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄) မှု တို့ကို စီရင်ချက်ချမှတ်ပြီး တရားမအထူးအယူခံမှု အမှတ် ၃/၂၀၂၁ (မကွေး)၊ ၁၅/၂၀၂၁ (ရန်ကုန်) ၊ ၄၁/၂၀၂၀ (မွန်)နှင့် ၂၁/၂၀၂၂ (ရန်ကုန်) စုစုပေါင်းတရားမအထူးအယူခံမှု (၄) မှုတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

သတင်းစဉ်