Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၄

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်းကွမ်းအခက်အခဲ မရှိစေရန်အတွက် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်) ကွပ်ကဲမှုအောက်ရှိ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ဘုတ်ပြင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုကျော်နှင့် တာဝန်ရှိသူများက ဓမ္မအလင်းရောင် ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲတို့ကို သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး ခရိုင်/မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားဘာသာရေးကျောင်းများသို့လည်း ဆွမ်းကိစ္စရပ်များ အဆင်ပြေရန် ရည်ရွယ်၍ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများအား ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်