နေပြည်တော် စက်တင်ဘာ ၁၄
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ တိပိဋကာလင်္ကာရ သာမဏေကျော်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ လင်းလွန်းပင် ပရိယတ္တိစာသင်တိုက်၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြင်သာမြို့ဦးကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်ရာဇာပရိယတ္တိ စာသင်တိုက်၊ လှိုင်မြို့နယ်ရှိ ရွာမကျောင်းတိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ နမ့်ချပ်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ ဇောတိကာရုံပါဠိတက္ကသိုလ်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မဟာပညိန္ဒာရာမကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မိုးကုတ်ရိပ်သာ (မြောက်) ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ တောင်ပေါ်ဣစ္ဆာသယကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာရံပရိယတ္တိစာသင်တိုက်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အောင်အပ်နှံ ကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ မြို့လယ် ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်