Skip to main content

နေပြည်တော်အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်နိုင်စေရန်အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူများက ဈေးသူ ဈေးသားများနှင့် ဈေးဝယ် လာသူများထံ နှာခေါင်းစည်းများတပ်ဆင်ရေး အခမဲ့ဖြန့်ဝေပေးခြင်း (Mask Campaign)၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများကို စနစ်တကျဖြင့် လုံခြုံစွာ တပ်ဆင်၍ ဈေးရောင်း/ ဈေးဝယ်ပြုလုပ်ကြရန် Hand Speaker များဖြင့် အသိပေးနှိုးဆော် ခြင်းများကို စက်တင်ဘာလ ဒုတိယပတ်မှစတင်၍ ဈေးများအလိုက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်းစဉ်