Skip to main content

စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်-၃၉ သင်တန်းဖွင့်

နေပြည်တော် စက်တင်ဘာ ၁၂

စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် - ၃၉ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

ယခုသင်တန်းကို စာရင်းစစ်မှူးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် အနာဂတ်ဝန်ထမ်းဘဝ တိုးတက်အောင်မြင်စေရေးတို့ကို  ရည်ရွယ်၍  ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင်သင်ကြားမည့် ဘာသာရပ်များသည် အသက် မွေးဝမ်းကြောင်းအတွက် လက်တွေ့ကျသည့် ဘာသာရပ်များဖြစ်၍ တန်ဖိုးထားစေလိုပါကြောင်း၊ သင်ကြားပို့ချမှုများအပေါ် မေးမြန်းဆွေးနွေးခြင်း၊ စူးစမ်းလေ့လာခြင်း၊ တီထွင်ကြံဆခြင်း၊ လိုက်နာကျင့်သုံးခြင်းစသည့် ကိုယ်တိုင်ကြိုးစားအားထုတ်မှုများဖြင့် အတွေးအခေါ် အသိတရားများ တိုးတက်ကောင်းမွန်စေရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင်လည်း စာရင်စစ်ကျင့်ဝတ်များနှင့် မိမိတို့ရုံး၏ ဂုဏ်သိက္ခာကို စောင့်ထိန်းပြီး ရုံး၏ မွန်မြတ်လှသော ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် စာရင်းစစ်မှူး ဝန်ထမ်းကောင်းများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က အခမ်းအနားသို့ တက်ရောက်လာသည့် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

အဆိုပါ သင်တန်းတွင် ISSAI Based Financial Audit, ISSAI Based Performance Audit, ISSAI Based Compliance Audit အပါအဝင် ဘာသာရပ် () ခုကို စက်တင်ဘာ ၁၂ ရက်မှ အောက်တိုဘာ ရက်အထိ () ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး စုစုပေါင်း သင်တန်းသား ၁၁၃ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)