Skip to main content

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၁

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၀ ရက်နှင့် ယနေ့ တွင်ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့ရှိ သဘာဝတရားရိပ်သာ၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် စလွန်အော်ငယ်ကျေးရွာရှိ ငြိမ်းချမ်းအောင် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ ကံဆယ်ကမ္မဋ္ဌာန်းကျောင်းတိုက်နှင့် မှော်ဘီမြို့နယ် ရေပြာကျေးရွာရှိ ထီးလှိုင်ရှင်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ရှိ ရတနာသိင်္ဂီ သီလရှင်စာသင်တိုက်နှင့် မော်လမြိုင်ကျွန်းမြို့ စွန်းလွန်းကျောင်းတိုက်၊ ရခိုင်ပြည်နယ်စစ်တွေမြို့နယ် ကြွီတဲကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ဘူးသီးတောင်မြို့ မြစေတီဘုန်းတော်ကြီးကျောင်း မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ရတနာပုံကျောင်းတိုက် အေးရိပ်မွန်သီလရှင်စာသင်တိုက်၊ ဥပုသ်တော်ရပ်ကွက်ရှိ ဓမ္မဇေယျာသီရိ မိဘမဲ့သီလရှင်ကျောင်း၊ တကောင်းမြို့နယ် ချမ်းသာကြီး ဘုန်းတော်ကြီးကျောင်း၊ မတ္တရာမြို့ အင်ကြင်းမြိုင်ကျေးရွာရှိ ဓနသိဒ္ဓိဘုန်းတော်ကြီးကျောင်းနှင့် စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာရှိသော တုဇန ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ် လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက် မန်းတောင်ခြေဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ တာဝန်ရှိသူများက အလှူငွေများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ သွားရောက် လှူဒါန်းခဲ့ကြပြီး နယ်မြေခံ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

သတင်းစဉ်