နေပြည်တော် စက်တင်ဘာ ၁၀
ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်နှင့် စစ်တွေမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဖားကန့်မြို့နယ် အေးမြသာယာကျေးရွာအုပ်စု အေးမြသာယာကျေးရွာအနီးတွင် ဇော်ဒန်မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၂၅၀ ကို လည်းကောင်း၊ စက်တင်ဘာ ၈ ရက် ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု နန့်စီးအောင်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇော်ကိုမြင့် မောင်းနှင်ပြီး မျိုးသီဟ လိုက်ပါလာသည့် Mitsubishi Canter အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလိုနှင့် ဘိန်းစိမ်း ၉ ကီလိုတို့ကို လည်းကောင်း၊ စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့နယ် ဘုမေကျေးရွာအုပ်စု မှန်ဇီကျေးရွာအနီးရှိ မင်းဂံ-သက္ကေပြင် ကျေးရွာသွားကားလမ်းဆုံတွင် မောင်ဝင်းမြင့် မောင်းနှင်ပြီး အေးထွန်းလိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၈၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်