Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၉

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ သီရိမင်္ဂလာဘုံမြင့် စာသင်တိုက်၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်ရှိ ရန်အောင်မြင်ကျောင်း တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ဝိဝေကကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ သမ္မိဒ္ဓေါဒယကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ အရှေ့ ကံ့ကော်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အရိယာမဂ္ဂင် ကျောင်းတိုက်၊ လှိုင်သာယာမြို့နယ်ရှိ အောင်ဇေယျာမင်းကျောင်းတိုက်၊ သာကေတမြို့နယ်ရှိ သုစိတ္တာ လင်္ကာရစာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များ ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ဇောတိကာရာမ ကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ မဟာဝိ သုတာရာမကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ စည်သာကျောင်းတိုက်နှင့် အောင်မြေသာစံ မြို့နယ်ရှိ အရှေ့ခင်မကန်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရှိ မဟာသိမ် တော်ကြီးပရိယတ္တိ စာသင်တိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ဇေတဝန်မြို့ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ မြောင်းမြကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

သတင်းစဉ်