နေပြည်တော် စက်တင်ဘာ ၈
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏လုပ်ငန်းကော်မတီ တစ်ရပ်ဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊နိုင်ငံတကာ အဖွဲ့အစည်း များနှင့်ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ၏ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေး ကိုယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီ ခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိ
အစည်းအဝေးတွင်ကုလ သမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝဏ္ဏမောင်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအပါအဝင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီနှင့် လုပ်ငန်းကော်မတီ လေးခုကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့်ဆက်လက် အကောင်အထည်ဖော် ရန်ကိစ္စရပ်များကိုဆောင်ရွက်နေ ကြောင်း၊တိုးတက်မှုရလဒ်များကို နိုင်ငံတကာသို့ ပြသနိုင်ရမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအပါအဝင် အသိုက်အဝန်းများ၏ လူနေမှုဘဝ အမှန်တကယ် အဆင်ပြေချောမွေ့ စေရေးအတွက်လက် တွေ့တွင် လုပ်ဆောင်ပေးရန် အရေးကြီး ကြောင်း ပြောကြားသည်။
ဆွေးနွေးပြောကြား
ဆက်လက်၍ကော်မတီ အဖွဲ့ဝင်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများကရခိုင်ပြည်နယ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက်ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ်တွင်ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ နေရပ်စွန့်ခွာသူများ စိစစ်လက်ခံ ပြီးနောက်ပြန်လည်နေရာချထားရေးနှင့် စပ်လျဉ်း၍ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအပါအဝင် ဝန်ကြီးဌာနများ အကြားညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်မည့် လုပ်ငန်းများကိုဆွေးနွေးတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက်ကုလသမဂ္ဂအဖွဲ့ အစည်းများ၊နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး နိုင်ငံခြားရေး ဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန်က ကော်မတီ၏ရှေ့ဆက်ဆောင် ရွက်ရန်ရှိသည့်ကိစ္စရပ်များကို လည်းကောင်း၊ တွဲဖက်အတွင်း ရေးမှူးဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က သတင်းမှန်ပြန်ကြားရေး၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ လည်းကောင်းရှင်းလင်းတင်ပြ ကြသည်။
ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးက ရခိုင်ပြည်နယ်အတွက် အကူအညီများကို ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှရယူရာတွင် မိမိတို့ လိုအပ်ချက်နှင့်အညီ ရယူ၍ မြေပြင်တွင် လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ အကြားညှိနှိုင်းပူးပေါင်းဆောင် ရွက်ရန် ပြောကြားသည်။
သတင်းစဉ်