နေပြည်တော် စက်တင်ဘာ ၈
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် စက်တင်ဘာ ၇ ရက် နံနက်ပိုင်း တွင် တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့ရှိ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ သို့ သွားရောက်စစ်ဆေးပြီး တပ်ဖွဲ့ ဝင်များနှင့် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား၍ တပ်ဖွဲ့ဝင်နှင့် မိသားစုများ၏ အခက်အခဲများကို ရင်းနှီးပွင့်လင်း စွာဆန္ဒဖော်ထုတ်တင်ပြစေပြီး တင်ပြချက်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးကာ မိသားစုများ အား စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ချီးကျူးဂုဏ်ပြု
ပြည်ထောင်စုဝန်ကြီးသည် တပ်ဖွဲ့ဝင်များနှင့် မိသားစုများ အား တွေ့ဆုံအမှာစကား ပြောကြားရာတွင် နိုင်ငံတော် အတွင်း အကြမ်းဖက်လှုပ်ရှားသူ များ၏နည်းမျိုးစုံဖြင့် အဖျက် အမှောင့်လုပ်ရပ်များ ပြုလုပ်နေမှု အခြေအနေ၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြောင်းမဲ့ စွပ်စွဲသတ်ဖြတ်ခြင်း နှင့် ဓားပြတိုက် လုယက်မှု ဖြစ်စဉ် များအား ချပြပြီး လုံခြုံရေးဂရုပြုဆောင်ရွက်ရေးနှင့်မိမိတပ်ဖွဲ့ အပေါ် သစ္စာစောင့်သိရန် လိုအပ်ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည့် နယ်စပ် ဒေသမှတ်တိုင် စခန်းတွင်နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များ၏ ရွပ်ရွပ် ချွံချွံခုခံတိုက်ခိုက်နိုင်မှုကြောင့် လက်နက်ကိုင် သောင်းကျန်းသူ များအနေဖြင့် မိမိတို့စခန်းအား အလွယ်တကူ မသိမ်းပိုက်နိုင်ဘဲ ရက်ပေါင်းအတန်ကြာ တိုက်ခိုက် ခဲ့ရပြီး မိမိတို့တပ်ဖွဲ့ဝင်များ နိုင်ငံ တော်အတွက်အသက်စွန့်လှူခဲ့မှု ဖြစ်စဉ်အပေါ်ချီးကျူးဂုဏ်ပြု ပါကြောင်း။
နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် ပညာရေးနှင့် ပတ်သက်၍ အထူးအလေးထားဆောင်ရွက် ပေးနေသည်ကိုတွေ့မြင်ရမှာ ဖြစ်ပြီးမိသားစုများအတွင်း ကလေးငယ်များ၏ပညာရည် မြင့်မားရေး ကို အထူးဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိသားစုများအနေဖြင့်တစ်ပိုင် တစ်နိုင်စိုက်ပျိုး မွေးမြူရေးကို ကိုယ်တိုင်ကိုယ်ကျ အကောင် အထည်ဖော်ရမည်ဖြစ်သကဲ့သို့ တာဝန်ရှိသူများကလည်း စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက် နေရမည်ဖြစ်ကြောင်း၊ လူမှုကွန်ရက်များ အသုံးပြုကာ သတင်းမှားများနှင့် ကောလာဟလ ထုတ်လွှင့်နေမှုများ၊ သွေးခွဲလှုံ့ဆော်နေမှုများကို ဂရုပြုဆောင် ရွက်ကြပြီးသတင်းအမှန်ကို သိရှိနိုင်ရေးတာဝန်ရှိသူများက ရှင်းလင်းတုံ့ပြန် အသိပေးနေရမည်ဖြစ် ကြောင်း အသေးစိတ် မှာကြားသည်။
ထောက်ပံ့ငွေများ ပေးအပ်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် နယ်မြေခံရဲလေ့ကျင့် ရေးကျောင်းသို့ ရောက်ရှိစစ်ဆေး ပြီး သင်တန်းကျောင်းစားရိပ်သာတွင် သင်တန်းသားများနှင့်အတူ နေ့လယ်စာသုံးဆောင်ကာ လေ့ကျင့်ရေး ကျောင်းရှိ သင်တန်း ခန်းမနှင့် စာသင်ဆောင်များ နေရာချထားမှု၊အိပ်ဆောင် ခင်းကျင်းထားရှိမှု၊ အားကစား ခန်းမနှင့် ရေနှင့် မိလ္လာရရှိသုံးစွဲ မှုနှင့် သန့်ရှင်းရေးဆောင်ရွက် ထားရှိမှုများကို လည်းကောင်း၊ နေအိမ်လိုင်းခန်းအဆောက်အအုံနေရာချထားမှုနှင့် လိုအပ်ချက် များကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီးမိသားစုများနှင့် တွေ့ဆုံ၍ အခက်အခဲများကို မေးမြန်းဖြည့်ဆည်းကာ ထောက်ပံ့ ငွေများ ပေးအပ်သည်။
စက်တင်ဘာ၈ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် မန္တလေးမြို့ရှိ ရဲအရာရှိ အတတ်သင်ကျောင်းသို့ ရောက်ရှိပြီးသင်တန်းသား အရာရှိများနှင့်အတူ နေ့လယ်စာ စားသုံးကာ သင်တန်းကျောင်းမှ မိသားစုဝင်များနှင့်တွေ့ဆုံ၍ လိုအပ်ချက်များ မေးမြန်းဖြည့် ဆည်းကာထောက်ပံ့ ငွေများ ပေးအပ်ပြီးသင်တန်းကျောင်း ဧည့်ခန်းမဆောင်၊ အားကစား ခန်းမနှင့် နေအိမ်လိုင်းခန်းများ အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားဗဟိုပြုလေ့ကျင့်မှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လေ့ကျင့်ရေးကဏ္ဍ အောင်မြင်ရေး အတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆောင်ပုဒ်နှင့်အညီ ကျယ်ကျယ်ပြန့်ပြန့်ဆောင် ရွက်ရန်နှင့် ကျောင်းစာကြည့်တိုက်များကို တန်ဖိုးရှိအောင် အသုံးချပြီး သင်တန်းအချိန်ဇယားများတွင် စာကြည့်တိုက် အချိန်ကို သီးခြားထည့်သွင်း သတ်မှတ်ရန် လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှု ရှိစေရေး စဉ်ဆက်မပြတ် လေ့ကျင့် ဆောင်ရွက်ပြီး လုံခြုံရေးတာဝန်ကို တပ်မတော်နှင့် ပူးတွဲထမ်းဆောင် ရာတွင် စိတ်ဓာတ်မြှင့်တင်ရေး ဆောင်ရွက်ရန်တို့နှင့် ပတ်သက်၍ အသေးစိတ်မှာကြားခဲ့ကာ သင်တန်းကျောင်းရှိ စာသင် ဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
လိုအပ်သည်များ မှာကြား
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးကာလိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်