နေပြည်တော် စက်တင်ဘာ ၈
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့တွင် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိရေတိုက်စားကမ်းပြိုမှု ကာကွယ်ရေး လုပ်ငန်း များကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ညောင်တုန်းမြို့ အမှတ်(၃)ရပ်ကွက် ရန်ကင်းစံရာကူးတို့ဆိပ်၏ အောက်ဘက်တွင် ကမ်းပါး မြေသားနိမ့်ကျမှု ဖြစ်ပေါ်နေသော နေရာ၌ အခိုင်အမာကာကွယ် ရေးလုပ် ငန်းများမဆောင်ရွက် နိုင်မီကမ်းပါးပြိုကျမှုသက်သာ စေရန်ယာယီကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကယာယီကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှု အခြေအနေ၊ ကမ်းပါး ရေရှည်တည်တံ့မည့် အခိုင်အမာ ကာကွယ်ရေးအတွက်Deep Foundation အမျိုးအစားကို အခြေခံ၍ Bore Pile အခြေပြု ကျောက်ပြားကပ်တမံ တည်ဆောက်ရေးအတွက် ဆောင်ရွက်မည့် ဒီဇိုင်းပုံစံများကို အသေးစိတ် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ညောင်တုန်းမြို့ ကမ်းပြိုမှုအတွက် စိုးရိမ်ရသည့် အခြေအနေမရှိအောင် ရေးဆွဲထား သည့် ဒီဇိုင်းအတိုင်း စံချိန်စံညွှန်း ပြည့်မီအောင်နှင့် ရေရှည်တည်တံ့ ခိုင်ခံ့အောင် စနစ်တကျ ဂရုပြု ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနဧည့်ရိပ်သာ တွင် ဟင်္သာတမြို့ရှိ ဝန်ကြီးဌာန လက်အောက်မှ ဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီးပြည်ထောင်စုဝန်ကြီးက ဝန်ထမ်း အိမ်ရာလိုအပ်ချက် ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး၊ ရုံးဌာနများနှင့် ဝန်ထမ်းလိုင်းခန်းများ သန့်ရှင်း သာယာအောင်ဆောင်ရွက်ရေး၊ မိမိဌာန၏ ရည်မှန်းချက်၊ လုပ်ငန်း တာဝန်များကို အောင်မြင်အောင် ကြိုးပမ်းထမ်းဆောင်ကြရေး၊ ဝန်ထမ်းများအနေဖြင့် လုံခြုံရေး အသိ လုံခြုံရေးသတိရှိစွာ တာဝန် ထမ်းဆောင်ကြရေးတို့ကို လမ်းညွှန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် လေးမျက်နှာမြို့ နယ်ရှိ သမိုင်းဝင် စတုမုခထူပါရုံ စေတီတော်ကြီး တည်ရှိရာ ကမ်းပါးအားငဝန်မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုမှု ကာကွယ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး စေတီတော်မြတ်ကြီး အားရေတိုက်စားမှုမှကာကွယ်နိုင်ရန် ငဝန်မြစ်ရေလမ်းကြောင်းအားပြုပြင်ထိန်းသိမ်းရေး ရေလွှဲ ရေကာနံရံများ တည်ဆောက်ခြင်း၊ သောင်တူးဖော်ခြင်း၊ အခြေထိန်း Bore Pileတည်ဆောက်ခြင်း၊ ကမ်းပါးဆင်ခြေလျှောတွင်Geo Bag များ ချခင်းခြင်းလုပ်ငန်း များကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ စေတီတော်မြတ် ကြီး ရေရှည်တည်တံ့ပြီး ကမ်းပြိုမှု များမဖြစ်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်မှာကြား သည်။
သတင်းစဉ်