Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေး

မန္တလေး စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Vinary Kumar ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်ကဏ္ဏ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေး နည်းပညာများ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကိစ္စရပ်များ၊ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါတွေ့ဆုံရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ဦးကျော်ဆန်း၊ ဦးသိန်းဌေး၊ ဦးမျိုးအောင်၊ ဦးယဉ်ထွေး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင် တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်