နေပြည်တော် စက်တင်ဘာ ၆
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော် လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၌ ထားရှိသည့် ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံနိုင်သော Sinovac နှင့် ဆေးတစ်လုံးလျှင် လူတစ်ဦး ထိုးနှံနိုင်သော Sinovac အမှတ်တံဆိပ် ကာကွယ်ဆေးများကို ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ ဆေးတစ်လုံးလျှင် လူနှစ်ဦး ထိုးနှံနိုင်သော Sinovac ၁၅၃၃၇ လုံး၊ ဆေးတစ်လုံးလျှင် လူတစ်ဦး ထိုးနှံနိုင်သည့် Sinovac ၁၁၄၃၅ လုံးနှင့် ဆေးထိုးအပ်များ၊ ရန်ကုန်မြို့သို့ ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံနိုင်သည့် Sinovac ၁၃၄၉၆ လုံး၊ ဆေးတစ်လုံးလျှင် လူတစ်ဦးထိုးနှံနိုင်သော Sinovac ၁၀၀၃၇၅ လုံးနှင့် ဆေးထိုးအပ်များကို Cold Chain Delivery Logisties မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်