နေပြည်တော် စက်တင်ဘာ ၃
ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးမှ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက် ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောက်ချပေးလျက်ရှိရာ ဩဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံးနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တို့ရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေး လုပ်ငန်းတို့မှ ထွက်ရှိသည့် ကြက်ဥအလုံး ၁၅၁၂၀၊ ကြက်သား ၃၀၇ ပိဿာ၊ ဝက်သား ၂၄၈ ပိဿာ၊ ငါးမျိုးစုံ ပိဿာ ၂၄၃ ဒသမ ၅၀၊ အာလူး ၂၀၆ ပိဿာ၊ ကြက်သွန်နီ ၃၄၅ ဒသမ ၅၀ ပိဿာ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက် ကုန်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၈၁ သိန်းကျော်တို့ကို ဝန်ကြီးဌာနများနှင့် ရေဆင်းတက္ကသိုလ် နယ်မြေအတွင်းရှိ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် အသီးသီး ရောင်းချပေးနိုင်ခဲ့သည်။
နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ(အပေါ်ပုံ)နှင့် ရေဆင်းတက္ကသိုလ်ရှိ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီး ဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းများကို ၂၀၂၁ ခုနှစ် စက်တင်ဘာမှ စတင်ရောင်းချပေးခဲ့ခြင်းဖြစ်ကာ ၂၀၂၂ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ ကြက်ဥ အလုံး ၁၃၆၈၄၀၊ ကြက်သား ပိဿာ ၃၈၇၂ ဒသမ ၅၀၊ ဝက်သား ပိဿာ၂၉၀၄ ဒသမ ၅၀၊ ငါးမျိုးစုံ ပိဿာ ၂၈၀၀ ဒသမ ၅၀၊ အာလူး ၃၀၂၈ ပိဿာ၊ ကြက်သွန်နီ ပိဿာ ၃၉၃၀ ဒသမ ၅၀၊ ဟင်းသီး ဟင်းရွက် ပိဿာ ၂၃၀ နှင့် စားသောက်ကုန်ပစ္စည်းများ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၈၄၀ ကျော်ကို ပြင်ပ ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ခဲ့သည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ်များအလိုက် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက် ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို အသီးသီးရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်