ရန်ကုန် စက်တင်ဘာ ၂
မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်တို့ကို ဓာတ်အားဖြန့်ဖြူးပေးထား သည့် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ 33/6.6kV ကနေဒီ ဓာတ်အားခွဲရုံအား 66/33/6.6kV ဓာတ်အားခွဲရုံကြီးအဖြစ်အဆင့်မြှင့်တင် နိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကနေဒီဓာတ်အားခွဲရုံအား လက်ရှိမြေနေရာအကျယ်အဝန်းထက် ပိုမိုတိုးချဲ့ခွင့်ပြုသတ်မှတ်နိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့က ပူးပေါင်း စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါခွဲရုံဘေး မြေနေရာ၌ ပြုလုပ်ခဲ့ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်း ရေးမှူး ဦးတင်ဖေ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဦးကျော်သူ၊ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဟိန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး အတည်ပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်