Skip to main content

ဝန်ကြီးဌာနပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်း ပထမတံခွန်စိုက်ဒိုင်းဆု ဆွတ်ခူးရရှိ

နေပြည်တော် စက်တင်ဘာ ၂

၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပရာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ၍ ပထမတံခွန်စိုက် ဒိုင်းဆုအား ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၁၈) ဟိန်းထက်စိုးနှင့် အကောင်းဆုံးနောက်တန်း အားကစားသမားဆု ရရှိခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၂၅) အောင်ဇင်ဖြိုးတို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက လည်းကောင်း၊ အကောင်းဆုံး အလယ်တန်းအားကစားသမားဆု ရရှိခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၇) ကျော်စိုးဦး၊ အကောင်းဆုံးရှေ့တန်း အားကစားသမား ဆုရရှိခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၂၂) စောနေမျိုးထွန်းနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၁၁) မင်းမော်ဦးတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း ကလည်းကောင်း တစ်ဦးချင်း အကောင်းဆုံးဆုများနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ စတုတ္ထဆုရရှိခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ တတိယဆုရရှိခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေကျပ် ၁၅ သိန်း ကိုလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သည့် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေကျပ်သိန်း ၂၀ ကို လည်းကောင်း၊ ပထမတံခွန်စိုက်ဒိုင်းဆု ရရှိခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တစ်ဦးချင်း ဆုတံဆိပ်၊ ငွေကျပ်သိန်း ၃၀ နှင့် တံခွန်စိုက်ဒိုင်းဆုကို လည်းကောင်း ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်