Skip to main content

တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

နေပြည်တော် ဩဂုတ် ၃၀

ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ် အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန် မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက နယ်မြေခံ သင်တန်းကျောင်းသို့ သွားရောက်၍ အရာရှိ၊ စစ်သည်များနှင့် နေ့လယ်စာ အတူတကွ လက်ရည်တစ်ပြင်တည်း သုံးဆောင်ခဲ့ကြသည်။ အလားတူ တိုင်းစစ်ဌာနချုပ်များအလိုက် တပ်နယ်အသီးသီးမှ တပ်မတော် အရာရှိကြီး များကလည်း ၎င်းတို့၏ ကွပ်ကဲမှုများအလိုက် တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်း ကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ ပြုလုပ်၍ တက်ရောက် အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူတကွ သုံးဆောင်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်