Skip to main content

“ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” ဖွင့်လှစ်

နေပြည်တော် ဩဂုတ် ၃၀

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ပါ ဝန်ကြီးဌာနများမှ ဝန်ထမ်းများသို့ ဖွင့်လှစ်ပို့ချပေးမည့် “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း” ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်အထိ စီမံချက်ကာလတစ်နှစ်သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုသင်တန်းကို စီမံချက်ကာလအတွင်း (၂)ကြိမ် ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ သင်တန်းတွင် ဆွေးနွေးသွားမည့် ဘာသာရပ်များမှာ တိုင်ကြားမှုအပေါ် အရေးယူဆောင်ရွက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် စပ်လျဉ်းသော ပြစ်မှုများအကြောင်း၊ Gender Based Violence - GBV, One Stop Crisis Center - OSCC နှင့်စပ်လျဉ်းသည့် အကြောင်းအရာများ၊ Joint Communique လုပ်ငန်းစီမံချက်အကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR-1325)၊ အကြမ်းဖက်ခံရသူသို့ ဗဟိုပြုချဉ်းကပ်မှု၊ လူမှုဝန်ထမ်းဦးစီးဌာန၏ Gender Based Violence - GBV တုံ့ပြန်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ Helpline ဝန်ဆောင်မှုနှင့် One Stop Women Support Center-OSWSC ဆိုင်ရာဝန်ဆောင်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များ ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

သင်တန်းကာလမှာ ဩဂုတ် ၃၀ ရက်မှ ၃၁ ရက်အထိ (၂)ရက်တာဖြစ်ပြီး သင်တန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကျား၊ မ ရေးရာအခြေခံသဘောတရားနှင့် ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်ခြင်း ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေး ပို့ချခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)