ရန်ကုန် ဩဂုတ် ၂၆
ဓာတ်အားပို့လွှတ်မှုကောင်းမွန်ရေး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဓာတ်အားပြတ်တောက်မှု လျော့နည်းရေးအတွက် ကာဗာမပါသော ဓာတ်အားလိုင်းကြိုးများအား ကာဗာပါသော ဓာတ်အားလိုင်းကြိုးများဖြင့် ပေ ၃၇၀၀ခန့် အစားထိုးလဲလှယ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ 66kV RIR ခွဲရုံ၏ 33kV RIR - ဂုန်လျှော် ဖီဒါတစ်လျှောက်ဆောင်ရွက်လျက်ရှိရာ ဘုရင့်နောင်လမ်းထိပ်မှ အုတ်ကျင်းလမ်းအတွင်းတွင် ပေ ၂၅၀၀ ခန့် လဲလှယ်ခဲ့ပြီး အုတ်ကျင်းလမ်းတွင် ကျန်ရှိသည့် ပေ ၁၂၀၀ ခန့် အစားထိုးလဲလှယ်ခြင်းကို ယနေ့နံနက် ၁၀နာရီမှ မွန်းလွဲ ၂နာရီအထိ ယာယီဓာတ်အားပိတ်၍ ဆောင်ရွက်သည်။
ထိုသို့ ယာယီဓာတ်အားပိတ်၍ ဆောင်ရွက်နေစဉ် 6.6 kV ပါရမီ + မာလာမြိုင် ဖီဒါတစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများဖြင့် ဆောင်ရွက်ကြသည်။
ယင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လှိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့က အနီးကပ် ကြီးကြပ်ဆောင်ရွက်ကြောင်း သိရသည်။
သတင်းစဉ်