Skip to main content

ဒေသတွင်းစိုက်ပျိုး‌၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးစိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၆

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်အနေဖြင့် ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်းများ၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နန်းသီတာဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း၌ DYL ဝက်မွေးမြူထားရှိမှု၊ ဥစားကြက်မွေးမြူထားရှိမှု၊ အသားတိုးကြက်မွေးမြူထားရှိမှု၊ နို့စားနွားမွေးမြူထားရှိမှု၊ ငါးခူငါးမွေးမြူထားရှိမှု၊ ကြက်စာသိုလှောင်ထားရှိမှုနှင့် ဝက်စာသိုလှောင်ထားရှိမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်