Skip to main content

စာပေဗိမာန် (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ဩဂုတ် ၂၅

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန်ခန်းမ၌ ကျင်းပမည်ဖြစ်ရာ အဆိုပါ အခမ်းအနားကျင်းပပုံများကို နံနက် ၉ နာရီ ၄၅ မိနစ်မှ စတင်ပြီး မြန်မာ့ရုပ်မြင်သံကြား MRTV – HD၊ MRTV News Channel ၊ MWD HD ၊ MWD Variety ၊ MITV ၊ Skynet Up to Date၊Channel – 9 ၊ MOI Website ၊ MOI Youtube ၊ MRTV Website နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်