Skip to main content

လေထုအရည်အသွေး တိုင်းတာခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၂၅

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာ စစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်း”  ၏ “လေထုအရည်အသွေး တိုင်းတာခြင်းဆိုင်ရာ သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးထွန်းအုံ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ ဌာနများမှ ကိုယ်စားလှယ်များ၊ Myanmar Environmental Innovation Foundation မှ ကျွမ်းကျင်ပညာရှင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာ စစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်း” ၏ စီမံကိန်းလုပ်ငန်း တစ်ခုအနေဖြင့် ကျင်းပသည့် သင်တန်းဖြစ်သည်။

အဆိုပါသင်တန်းတွင် လေထုအရည်အသွေး တိုင်းတာခြင်းနှင့် လေထုအရည်အသွေး အချက်အလက်များအား လေ့လာဆန်းစစ်ခြင်းဆိုင်ရာ နည်းစနစ်များကို သင်ကြားပြသခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း၊ ကမ္ဘာတစ်ဝန်းတွင် လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေမှု အခြေအနေများ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ လေထုညစ်ညမ်းမှုနှင့် ပတ်သက်ပြီး သုတေသနပြုလုပ်ခြင်းဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းသင်ကြားပြီး သင်တန်းကို ယနေ့မှ ဩဂုတ် ၂၉ ရက်အထိ နေပြည်တော်ရှိ Grand Amara Hotel အစည်းအဝေးခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်