နေပြည်တော် ဩဂုတ်၂၅
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေး အစီအစဉ်အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၂၀)ကို “လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးစုပေါင်းခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်းသည် စစ်ဆေးရမည့်ဌာနအဖွဲ့အစည်း၏ အရေးကြီးသေ ာလုပ်ငန်းဆောင်ရွက်ချက်များ၊ ဘဏ္ဍာရေးဆိုင်ရာများနှင့် သတင်းအချက်အလက်များသည် ဌာန၊ အဖွဲ့အစည်းမှ လိုက်နာရမည့် သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာမှုရှိ၊ မရှိကို စစ်ဆေးခြင်းဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့သည့် စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးရေး လုပ်ငန်းစဉ်များ၊ စစ်ဆေးတွေ့ရှိချက်များနှင့် အတွေ့အကြုံ၊ ဗဟုသုတများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိစွာ ပြန်လည်ကိုးကား အသုံးပြုနိုင်ရန် အလေးအနက်ထား ပါဝင်ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်က လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ သီအိုရီပိုင်းနှင့် စစ်ဆေးတွေ့ရှိချက် အပိုင်းတို့ကို ဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးမေးမြန်းအကြံပြုကြသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်