Skip to main content

Anuga-Food and Beverageပြပွဲကျင်းပမည့်အစီအစဉ်

 

Anuga-Food and Beverage ပြပွဲသည် ၁၉၁၉ ခုနှစ်ကတည်းက ပင်စတုဂတ်မြို့တွင် စတင်ကျင်းပခဲ့သော ကမ္ဘာ့ထိပ်တန်းစားသောက်ထုတ်ကုန်ပစ္စည်းပြပွဲကြီး (leading food fair for retail trade, food service and catering market) ဖြစ်ပါသည်။ ၁၉၂၄ခုနှစ်မှ စ၍ ကိုလုံး (Cologne) မြို့တွင် ကျင်းပခဲ့ပြီး ၂၀၁၉ခုနှစ်တွင်နှစ် (၁၀၀)ပြည့်ပွဲကိုကျင်းပခဲ့သည်။ ပြပွဲကို၂ နှစ် တစ်ကြိမ် ကိုလုံးမြို့ Kolenmesse GmbH တွင် ကျင်းပလေ့ရှိပြီးပြပွဲကာလအတွင်း trade shows များ၊ တီထွင်ဆန်းသစ်မှုနှင့် အစားအသောက်ဈေးကွက်အလားအလာအတွက် ဆွေးနွေးပွဲများစွာ ပြုလုပ်ကြပါသည်။ ပြပွဲဧရိယာသည် (၂၈၄၀၀၀) စတုရန်းမီတာရှိပြီး ၂၀၂၁ နှစ်အတွက် အောက်တိုဘာလ (၉)ရက်နေ့မှ (၁၃)ရက်နေ့ထိ ကျင်းပခဲ့ပြီး၂၀၂၃ နှစ်အတွက် Anuga-Food and Beverage ပြပွဲကို Federal Association of the German Retail Grocery Trade (BVLH)၊ Federation of German Food and Drink Industries (BVE)၊ German Hotel & Catering Association (DEHOGA) တို့နှင့် ချိတ်ဆက်ပူးပေါင်း၍ အောက်တိုဘာလ (၇)ရက်နေ့မှ(၁၁) ရက် နေ့ထိ ကျင်းပရန်စီစဉ်ထားရှိပါသည်။

၂၀၁၉ ခုနှစ်တွင် လာရောက်ပြသသူပေါင်း(၇၉၇၂)၊ နိုင်ငံပေါင်း(၂၀၁)နိုင်ငံမှ လာရောက် လေ့လာကြည့်ရှုသူပေါင်း(၁၆၉၆၅၃) ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် တွင် လာရောက်ပြသသူပေါင်း   (၄၄၄၃) နှင့် နိုင်ငံပေါင်း(၁၆၉)နိုင်ငံမှလာရောက်လေ့လာကြည့်ရှုသူပေါင်း(၆၉၄၅၉) ရှိခဲ့ပါသည်။ ပြပွဲတွင် ပါဝင်ပြသမည့် သူများအနေဖြင့် (www.anuga.com) ဝက်ဘ်ဆိုက်တွင် အွန်လိုင်းမှတဆင့် လျှောက်ထားရယူနိုင်ပြီး ၃၀.၉.၂၀၂၂ရက်နေ့အထိ လျှောက်ထားသူများသည် အထူးလျော့ဈေးနှုန်းအဖြစ် ၁ စတုရန်းမီတာလျှင် (၂၉၉) ယူရိုဖြင့်လည်းကောင်း၊ ၁.၁၀.၂၀၂၂ရက်နေ့မှ စတင် လျှောက်ထားသူများသည် ၁ စတုရန်းမီတာလျှင် (၃၀၉) ယူရိုဖြင့်လည်းကောင်း ရယူဆောင်ရွက် နိုင်ပါသည်။ အခြားကုန်ကျစရိတ်များအနေဖြင့် The Association of the German Trade Fair Industry (AUMA)စရိတ် (euro 0.60/sqm) ၊ Marketing package (euro 1120) ၊ energy costs (euro 14.5/sqm) စသည်တို့ ​ပေးသွင်းရမည်ဖြစ်ပါသည်။

ပြပွဲတွင် ပြသနိုင်သည့် စားသောက်ကုန်အုပ်စုများအနေဖြင့် Fine Food (စိုက်ပျိုးရေးထွက် ကုန်နှင့် စားသောက်ကုန်မျိုးစုံ-Raw and processed) ၊ Drinks၊ Chilled & Fresh Food၊ Meat၊ Frozen Food၊ Dairy၊ Bread & Bakery၊ Hot Beverages၊ Organic၊ Culinary  စသည်တို့ဖြစ် ပါသည်။ ထုတ်ကုန်အုပ်စုများအလိုက် trade shows များကိုသတ်မှတ်ကျင်း ပလေ့ရှိပါသည်။ Anuga-Food and Beverage ပြပွဲကိုKolenmesse GmbH က Cologne တွင်၂ နှစ် တစ်ကြိမ် ကျင်းပခြင်းအပြင်ဘရာဇီး၊တရုတ်၊အိန္ဒိယ၊ဂျပန်၊ကိုလံဘီယာ၊ထိုင်းနှင့်ယူအေအီးနိုင်ငံတို့တွင်လည်း ထုတ်ကုန်အုပ်စုများအလိုက် နှစ်အလိုက် အချိန်ကာလများသတ်မှတ်၍ ကျင်းပဆောင်ရွက်လေ့ရှိပါသည်။ နိုင်ငံအများအပြားမှ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ပစ္စည်းအမယ်မျိုးစုံကို ကြီးကျယ်ခမ်းနားစွာ ပြသကျင်းပပြီး တီထွင်ဆန်းသစ်မှုများ၊ ဈေးကွက်အလားအလာများကို တစ်နေရာတည်းတွင် လေ့လာရရှိနိုင်ခြင်းကြောင့် မြန်မာနိုင်ငံကဲ့သို့  စိုက်ပျိုးရေးထွက်ကုန်များနှင့် စားသောက်ကုန်များ ထုတ်လုပ်နိုင်သည့် နိုင်ငံအနေဖြင့် Anuga ပြပွဲတွင် ဝင်ရောက်ပြသခြင်းဖြင့် အီးယူဈေးကွက်ပိုမိုရရှိရေး ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Source:https://www.anuga.com/

မြန်မာစီးပွားရေးသံမှူး(ဘာလင်)