Skip to main content

“ပြည်သူ့အရေး ဆောင်ရွက်ပေး ၊ မနှေးကြည်ဖြူစားသုံးသူ”

“စားသုံးသူကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်(သို့) ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှု ပြုရန် (သို့မဟုတ်) အသက်မွေးဝမ်းကျောင်း ပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော် လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ (သို့မဟုတ်) ပေးကမ်းခြင်းခံရသူများဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည့်အတိုင်း လူတိုင်းသည် မနက်အိပ်ရာထချိန်၊ မျက်နှာသစ်၊ သွားတိုက်ချိန်မှစ၍ ညအိပ်ရာဝင်ချိန်အထိ စားသုံးသူများ ဖြစ်ကြသကိုး။ လူဘောင်၊ လူ့လောကမှာ ကျင်လည်နေတဲ့ ကာလတစ်လျှောက်လုံး ကုန်စည်တွေ၊ ဝန်ဆောင်မှုတွေကို သုံးစွဲနေကြရမှာဖြစ်သည့်အတွက် စားသုံးသူပြည်သူတွေ သုံးစွဲနေရတယ့်ကုန်စည်ဝန်ဆောင်မှုတွေကို-“ပေးရတဲ့ ဈေးနဲ့သုံးစွဲရတာ စိတ်ကျေနပ်မှုကို ရရှိကြရဲ့လား “ဒီခေါတ်ဒီအခါက အင်တာနက်ခေတ်ကိုး။ Telecom Internet ဝန်ဆောင်မှုတွေ ကလည်း အပြိုင်အဆိုင ကြော်ငြာရင်တော့ လိုင်းဆွဲအားအရမ်းကောင်း၊ သုံးကြည့်တော့မှအဝိုင်း ကြီးပဲ လည်နေတာတွေက များလှပေဘိ။ ဥပမာပြောရရင်ဖြင့် စားသုံးသူတစ်ဦးက Internet Wifiကို အသုံးပြုဖို့ရန်အတွက် Broad Band Telecom Internet ဝန်ဆောင်မှုတစ်ခုမှဝယ်ပြီး တပ်ဆင်ခဲ့ ရော၊ အဲ့ဒီမှာတင် wifi လိုင်းက ပြတ်တောက်တဲ့ အကြိမ်ရေများလာတော့အဲ့ဒီရုံးကို ဖုန်းတွေဆက်ပေါ့။ ဖုန်းဆက်တော့လည်း ဟိုနေ့လာပြင်မယ်၊ ဒီနေ့လာပြင်မယ်ပြောပြီး စောင့်နေရော။ စောင့်ရတယ့်လူကမောပြီး လာပြင် မယ့်လူတွေကတော့ ပေါ်မလာပေါ့။ ဒါကပေးရတယ့် ဈေးနဲ့သုံးစွဲရတယ့်အပေါ် စိတ်ကျေနပ်မှုမရှိ ခြင်း သာဓကလေးတွေပေါ့ ။ “ပေးရတဲ့ ဈေးနဲ့ကိုယ်ရရှိတဲ့ဝန်ဆောင်မှု စိတ်ကျေနပ်မှုရှိကြရဲ့လား” နောက်တစ်ခု ဥပမာလေးကတော့ စာရေးသူ ကိုယ်တိုင်ကလည်း ပဲခူးကဆိုတော့ နေသာ သောနေ့တစ်နေ့မှာ ရန်ကုန်သို့ သွားစရာအကြောင်းအရင်းလေးပေါ်လာရော။ အကြောင်းပေါ်တော့ လိုင်းကားလေး နဲ့ပြန်တာပေါ့။ ပဲခူးကားတွေက လိုရာခရီးရောက်တယ်ပြောပြီး လမ်းတဝက်ကြမှ လူပြန်ချိန်းကြ တော့ အတက်အဆင်းမလွယ်တဲ့သူတွေ ၊ အဘိုးအဘွားတွေ၊ ကိုယ်ဝန် ဆောင်မိခင်တွေအတွက် အခက်အခဲလေးတွေပေါ့နော်။ ကားချိန်းတာတွေက ကားသမားတွေ အဖို့ကလည်း သူတို့တွေရဲ့ တစ်နေ့တာဝင်ငွေတွက်ခြေကိုက်ခြင်း၊ မကိုက်ခြင်းက ရှိသေးတာကိုး၊ လူမရဘဲ ရန်ကုန်အထိဆွဲပေးရင် သူတို့အတွက် ဆီလည်းကုန်၊ အချိန်လည်းကုန်ရော၊ ပဲခူးကား စီးရင်းမြင်ရတယ့် အတွေ့အကြုံလေးကို ပြောရမယ်ဆိုလျှင်ဖြင့် ပဲခူးကားစီးတယ့် နေ့တစ်နေ့မှာ ပေါ့ဒူးနာနေတဲ့ အဒေါ်ကြီးတစ်ယောက်ပါလာရော၊အဲ့အဒေါ်ကြီးကလည်း ကားမ စီးခင် စပယ် ယာလေးကိုမေးတာပေါ့၊ သားလေး ကားချိန်းပေးမှာလား၊ ချိန်းရင်တော့ အဒေါ်ကြီးမလိုက်တော့ ဘူး၊ အဒေါ်ကြီး ရန်ကုန် တိုက်ရိုက်ကားပဲစီးတော့မယ်လို့ပြောတော့ ကိုရွှေတော် ချောကား ဆရာက အမေကြီး ရန်ကုန်တိုက်ရိုက်သွားမှာ၊ ဘာကားမှမချိန်းပေးဘူး ၊ စိတ်ချလို့ အာမခံနဲ့ ခေါ်လာပါရော၊ ဟော ထောက်ကြန့်လည်းရောက်ရော ကိုရွှေတော်ချောတို့က ကားချိန်းပေးပါ ရော၊ ဆီမလောက်တာတို့၊ ဘာညာဆင်ခြေတွေနဲ့ပေါ့၊ အဲ့မှာတင်ဒူးနာတယ့်အမေကြီး ဒေါသဖြစ် ပါရော၊ ဒါကပေးရတယ့်ဈေးနဲ့ ကိုယ်ရရှိတယ့်ဝန်ဆောင်မှု စိတ်ကျေနပ်မှုမရှိတာပဲ။

“စားသုံးသူတွေအတွက် စားသုံးသူရေးရာဦးစီးဌာနရှိပါတယ်”

ဒါမျိုးဖြစ်ရပ်တွေ မြန်မာပြည်မှာ ဘယ်လောက်များနေပြီလည်း၊ အဲ့လိုမျိုးတွေဖြစ်ပြီဆို လျှင် 1535 ဖုန်းလေးတစ်ချက်သာ ဆက်လိုက်ပါ။ စားသုံးသူပြည်သူများအတွက် စားသုံးသူရေးရာ ဦးစီးဌာန အဆင်သင့်ရှိပါတယ်။စားသုံးသူအတွက်ပဲလားဆိုတော့လည်း မဟုတ်သေးပါဘူးရှင်။ လုပ်ငန်းရှင်တွေအတွက်လည်း တစ်ဖက်တစ်လမ်းကနေ လိုရာခရီးရောက်အောင် ကူညီပံ့ပိုးပေး နေတယ့် ဌာနတစ်ခု ဖြစ်ပါတယ်ရှင်။

“ဘာတွေဆောင်ရွက်ပေးနေလဲ”

စားသုံးသူပြည်သူအရေးကို ဘာတွေဆောင်ရွက်ပေးနေလည်း ဆိုရင်ဖြင့် စားသုံးသူပြည်သူ လူထုကို အသိပညာပေးဟောပြောတယ့်အစီအစဉ်တွေ၊ စားသုံးသူတွေလုံခြုံစိတ်ချရမှုရရှိပြီး အရည်အသွေးမြင့်မားတယ့် ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ဖို့ အတွက် စီးပွားရေးလုပ်ငန်းရှင်တွေကို အသိပညာပေးတဲ့အစီအစဉ်တွေ၊ ပြည်တွင်းကပဲထုတ် ထုတ်၊ ပြည်ပကပဲထုတ်ထုတ်၊ ကုန်စည်နှင့်ဝန်ဆောင်မှုတွေကို ပုံမှန်ဈေးကွက် စောင့်ကြည့်တာတွေရော စားသုံးသူ ပြည်သူလူထုအတွက် ရှေးရှုပြီး ဆောင်ရွက်ပေးနေတယ့် ဌာနတစ်ခုဖြစ်ပါ တယ်ရှင်။

“ဘယ်နေရာတွေမှာ အသိပညာပေးကြလည်း”

အသိပညာပေးမယ်ဆိုရင် အဓိကကတော့ ကျွန်မတို့က လူများများရှိတယ့်နေရာ၊ စားသုံး သူပြည်သူအများနားထောင်ဖို့ အဆင်ပြေနိုင်မယ့် နေရာလေးတွေရွေးချယ်ရတာပေါ့။ ပထမဦးဆုံးကတော့ စာသင်ကျောင်းလေးတွေပေါ့၊ အနာဂတ်မှာ ထွန်းလင်းတောက်ပမယ့် ကြယ်ပွင့်လေးတွေက စားသုံးသူမှာ ဘာအခွင့်အရေးတွေရှိတယ်။ ပြီးရင်စားသုံးသူတွေ အခွင့်အရေးပဲယူနေ လို့တော့ မဖြစ်ပြန်ဘူး၊ တာဝန်တွေလည်းရှိသေး။ ရုပ်ပုံလေးတွေ၊ ပိုစတာလေးတွေနဲ့အသိပညာ၊ ဗဟုသုတတွေ တိုးပွားအောင် အစဉ်အမြဲကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ လူစည်ကားရာ နေရာလေးတွေဖြစ်တဲ့ ရပ်ကွက်၊ ကျေးရွာ၊ ဈေး၊ စက်ရုံ၊ အလုပ်ရုံတွေ၊ တက္ကသိုလ်ကျောင်းတွေမှာလည်း စားသုံးသူတွေ အသိပညာရရှိအောင် စဉ်ဆက်မပြတ် ဟောပြောပွဲများ ကျင်းပဆောင်ရွက်လျက်ရှိပါတယ်ရှင်။

“ဘယ်လိုမျိုးဝန်ထမ်းတွေနဲ့ ဈေးကွက်စောင့်ကြည့်နေလဲ”

ကဲပြီးရင် ဈေးကွက်စောင့်ကြည့် အပိုင်းလေးလည်း ပြောပြချင်သေး။ ဈေးကွက်စောင့် ကြည့် စစ်ဆေးတာတွေ လုပ်ဖို့အတွက် အရင်ဘာတွေ လိုအပ်လည်းဆိုရင် စစ်ဆေးရေးအရာရှိ တွေလိုအပ်တာပေါ့။ စားသုံးသူရေးရာဦးစီးဌာနကနေ ခန့်အပ်ထားတယ့် စစ်ဆေးရေးအရာရှိ တွေက ဦးဆောင်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး အချိန်နှင့်တပြေးညီ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်ပေးနေပါတယ်ရှင်။

“ဘယ်လိုကုန်စည်တွေကိုစစ်ဆေးနေလဲ”

“ဘယ်လိုကုန်စည်တွေကို စစ်ဆေးနေလဲ” ဆိုရင်ဖြင့် မိဘပြည်သူများနေ့စဉ် အသုံးပြုတဲ့ကုန် စည်တွေဘေးအန္တရာယ် ရှိ/မရှိ၊ ကုန်စည်တွေ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာနေရာမှာ သတ်မှတ်စံချိန်၊ စံညွှန်းတွေ၊ ညွှန်ကြားချက်တွေနဲ့ကော ကိုက်ညီမှုရှိရဲ့လားဆိုတဲ့ အခြေအနေ တွေ၊ ဒါပဲ လားဆိုတော့လည်း မဟုတ်သေးပါဘူး။ ဦးစီးဌာနကိုကစားသုံးသူကို ရှေးရှုတယ့်ဦးစီး ဌာနဆို တော့ ပြည်သူတွေ သတင်းပေးရင်လည်း ကုန်စည်၊ ဝန်ဆောင်မှုတွေ ဘေးအန္တရာယ်ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးပေးသေး။ ဟောအခုဆိုရင် Online ခေတ်ဆိုတော့Talk Show အစီအစဉ်တွေနဲ့လည်း အသိပညာပေးတာတွေ ကြည့်ရှုလို့ရပြီဆိုတော့ အဆင်ပြေသွားတာပေါ့။

“ဘယ်သူတွေက ဘယ်နေရာကိုတိုင်ကြားနိုင်သလဲ”

အထက်မှာပြောပြတဲ့ ကုန်စည်(သို့) ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲတယ့်အခါ ထိခိုက် နစ်နာမှုတွေရှိရင် ဘယ်လိုနည်းလမ်းတွေကို အသုံးပြု၍ ဘယ်သူတွေတိုင်ကြားနိုင်လည်း ဆိုရင် စားသုံးသူပြည်သူတွေအနေနဲ့ ကုန်စည်(သို့)ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲကြတယ့်နေရာမှာ ပေးရ တဲ့ဈေးနဲ့ ရရှိတဲ့ဝန်ဆောင်မှု၊ စိတ်မကျေနပ်မှုတွေ၊ ရောင်းတဲ့အစားအစာမသန့်လို့ အစာအဆိပ်သင့်ဖြစ်မှုတွေ၊ကြော်ငြာတော့ ကုန်စည်ပုံစံတစ်မျိုးနဲ့ လာပို့တော့ပုံစံတစ်မျိုး ဖြစ်နေတာတွေ၊ လိမ်လည်လှည့်ဖြားတဲ့ ကြော်ငြာတွေကြောင့် စားသုံးသူပြည်သူအများ စိတ်ကျေနပ်မှုမရှိတာတွေ ဥပမာပေးရမှာတွေကတော့ အများကြီးဆိုတော့ “ဘယ်သူတွေတိုင်ကြားလို့ရလဲဆိုတဲ့ အပိုင်းလေးဆက်သွားကြပါစို့၊ နစ်နာတဲ့ စားသုံးသူကိုယ်တိုင်ဖြစ်စေ၊ နစ်နာသည့် စားသုံးသူ၏ မိသားစုဝင်များမှဖြစ်စေ၊ နစ်နာသည့် စားသုံးသူနှင့်ဆက်နွယ်သည့် ပုဂ္ဂိုလ်များမှဖြစ်စေ၊ အစိုးရဌာနအဖွဲ့အစည်းများမှဖြစ်စေ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှဖြစ်စေ၊ သတင်းပေးပို့တိုင်ကြားလို့ရတာပေါ့။ “ဘယ်သူတွေကနေ ဘယ်လိုနည်းလမ်းတွေနဲ့ တိုင်ကြားလို့ရနိုင်သလဲ" ဆိုရင်တော့ တိုင်ကြားလို့ရတယ့်နည်းလမ်း (၇) မျိုးရှိတယ်လို့ မှတ်သားကြပါစို့။ တိုင်ကြားနိုင်တဲ့ နည်းလမ်းတွေကတော့ DOCA Myanmar Application, CICC Naypyi Taw လူမှုကွန်ယက်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဦးစီးမှူးရုံး တွေကို လူကိုယ်တိုင် (သို့) စာဖြင့် တိုင်ကြားနိုင်၊ CICC ဖုန်း၊ Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှတစ်ဆင့် တိုင်ကြားလို့ရတော့ လွယ်ကူတာ ပေါ့။ ပို၍လွယ်ကူတာကတော့ Consumer Call Center ရယ့် HOT Line No ဖြစ်တယ့် 1535 ကိုMytel, Ooredoo , Telenor, MPT အသုံးပြု သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာတွေကိုသိရှိလို သည်ဖြစ်ဖြစ်၊ တိုင်ကြား ချင်သည်ဖြစ်ဖြစ်၊ HOT Line No လေးကို အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ်တိုင်ကြားလို့ရ တယ်ဆိုတော့ အလွယ်ကူဆုံးနည်းလမ်းပေါ့။ ဟုတ်ပြီ “တိုင်ကြားရင် ကောအချိန်တွေ ကြာအုံးမှာလား” တိုင်ကြားမှုကို လက်ခံဖို့။ မဟုတ်ပါဘူးနော်။ (၄၈) နာရီအတွင်း တိုင်ကြားတယ့်သူတွေကို အကြောင်းပြန်ကြား ပေးပါတယ်ရှင်။ သတင်းအချက်အလက်တွေဖြန့်ဝေတယ့် နေရာတွေမှာဆိုရင်, DOCA Facebook Page, CICC Naypyi Taw Facebook Page, DOCA Mobile Application ကနေလည်း သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် တင်ပေးနေပါတယ် ရှင်။ ဌာနအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကော်မရှင်အကြောင်း၊ စားသုံးသူများ သိသင့်သိထိုက် သည့်အကြောင်းအရာ အချက်အလက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရာတွင်သိသင့်သည့် အကြောင်းအရာများ၊ ကုန်သွယ်မှုသတင်းများ၊ သတင်းနှင့် လှုပ်ရှားမှု များ၊ ကုန်ပစ္စည်း သတိပေးချက်များ၊ ဥပဒေနှင့် အမိန့်ညွှန်ကြားချက်များ၊ စားသုံးသူရေးရာမှ ဖြေ ရှင်းဆောင်ရွက်ပေးမှုများကို ဖြန့်ဝေပေးလျက်ရှိပါတယ်ရှင်။

အချုပ်အားဖြင့်ဆိုသော် စားသုံးသူမိဘပြည်သူများအနေဖြင့် ကုန်စည်(သို့) ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲတဲ့နေရာမှာ အမှန်တကယ် ထိခိုက်နစ်နာမှုများရှိလာပါ က စားသုံးသူရေးရာ ဦးစီးဌာန၏Consumer Call Center Hot Line ဖုန်းနံပါတ် 1535 ကို လွယ်လင့်တကူခေါ်ဆို၍ တိုင်ကြားနိုင်ပါကြောင်း အသိပေးရင်းတင်ပြလိုက်ရပါတယ်။

DOCA(ပဲခူး)