Skip to main content

ဟင်္သာတမြို့ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ကွင်းဆင်း ဆောင်ရွက်

ဟင်္သာတ သြဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် နယ်လှည့်ကွင်းဆင်း ဆေးကုသရေးအဖွဲ့မှ ဟင်္သာတမြို့ ကနောင်စုရပ်ကွက်ရှိ ဟင်္သာတဘိုးဘွားရိပ်သာတွင် အဘိုးအဖွားများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သြဂုတ် ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က  ကွင်းဆင်း ဆေးကုသမှုများ  ဆောင်ရွက်ခဲ့သည်။

အဆိုပါ နယ်လှည့်ကွင်းဆင်း ဆေးကုသရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လူမူဝန်ထမ်းဦးစီးမှူး ဦးဒိုင်ဒိုဒါးလ်နှင့် ဝန်ထမ်းများ ခရိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဋ္ဌာနမှ ဒေါက်တာညီညီလွင် ဦးဆောင်သော ဆရာ/ဆရာမများက ဟင်္သာတဘိုးဘွားရိပ်သာတွင် အဘိုး ၇ ဦး အဖွား ၂၇ ဦးတို့အား  လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ကွင်းဆင်း ဆေးကုသဆောင်ရွက် ပေးခဲ့ကြပြီး ကြက်ဥများ အဟာပြည့်မုန့်များနှင့် စားသောက်ဖွယ်ရာများကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက် (ဟင်္သာတ)