Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲကို MRTV မှတိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ဩဂုတ် ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲ၁နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။

ယင်းသတင်းစာရှင်းလင်းပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD၊ MRTV News၊ MWD၊ MWD Variety၊ MITV၊ MOI Website၊ MOI Youtube၊ MRTV Website နှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ပတ္တမြား FM ၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM တို့မှ တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

သတင်းစဉ်