Skip to main content

သင်တန်းမှပို့ချသည့် အသိပညာ၊ အတတ်ပညာများသာမက နိုင်ငံတကာမှပညာရပ်များကိုလည်း အမြဲလေ့လာ

နေပြည်တော် ဩဂုတ် ၁၅

ဝန်ထမ်းများတစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနမှဖွင့်လှစ်သည့် “အခြေခံအင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနား” ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multi-purpose Hall ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးဦးမျိုးလှိုင်က အာဆီယံနိုင်ငံများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ဘာသာစကားအခက်အခဲမရှိစေရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါ ကြောင်း၊ သင်တန်းမှပို့ချသည့် အသိပညာ၊ အတတ်ပညာများသာမက နိုင်ငံတကာမှပညာရပ်များကိုလည်း အမြဲလေ့လာ၍ တွေးတောကြံဆနေရမည်ဖြစ်ပြီး မိမိတို့ကိုယ်တိုင်အရည်အချင်းပြည့်မီနေအောင် အမြဲကြိုးစားနေရမည်ဖြစ်ကြောင်း၊ သင်တန်းကာလတွင် အချင်းချင်းအပြန်အလှန်သင်ယူပူးပေါင်းဆောင်ရွက်ပြီး မိမိဘဝတိုးတက်ရေး၊ မိမိဌာနတိုးတက်ရေးမှသည် မိမိနိုင်ငံတိုးတက်ရေးအထိ သယ်ပိုးဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ဩဂုတ် ၁၅ ရက်မှ အောက်တိုဘာ ၇ ရက် အထိ လူငယ်ရေးရာဦးစီးဌာန သင်တန်းခန်းမ၌ တနင်္လာနေ့မှ သောကြာနေ့များတွင် နေ့စဉ် မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ သင်တန်းကာလနှစ်လကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းနည်းပြ ဆရာမနှစ်ဦးက သင်တန်းသား သင်တန်းသူ ၃၀ ကို သင်ခန်းစာများ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်