Skip to main content

(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော် Season-2 ဆုပေးပွဲအခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများက (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကိုလည်းကောင်း၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ ဒုတိယတပ်မှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်က တတိယဆုရရှိသည့် တောင်ငူခရိုင်ကိုယ်စားပြု ဒေါ်မြမြသက်ကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က ဒုတိယဆုရရှိသည့် ပြည်ခရိုင်ကိုယ်စားပြု ဒေါ်မြတ်ကေခိုင်ကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပထမဆုရရှိသည့် ပဲခူးခရိုင်ကိုယ်စားပြု ဦးလျှမ်းထက်ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများက ပြိုင်ပွဲဝင်သီချင်းများ၊ စိတ်ကြိုက်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တီးဝိုင်းပညာရှင်များ၊ သီဆိုဖျော်ဖြေခဲ့ကြသည့် အဆိုရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်