Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

နေပြည်တော် ဩဂုတ် ၁၅

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်၊ ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ မင်္ဂလာရာမပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ကမော့ကစင်ကျောင်းတိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက်သို့လည်းကောင်း၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ ဟံသာဝတီတိုက်သစ်စာသင်တိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ဓမ္မောဒယပရိယတ္တိစာသင်တိုက်နှင့် လားရှိုးမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်တို့သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။              

သတင်းစဉ်