နေပြည်တော် ဩဂုတ် ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြို့အထွက်ရှိ ခင်နိမ်းမူဂိတ်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့အား ယနေ့နံနက်ပိုင်းတွင် အရပ်ဝတ်များဝတ်ဆင်ထားသည့် KKO အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် မော်တော်ယာဉ်များဖြင့် လာရောက်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအနီးရှိ မြို့နယ်ဥပဒေရုံးအတွင်းသို့ဝင်ရောက်၍ စာရွက်စာတမ်းများအား မီးရှို့ဖျက်ဆီးပြီး အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါအကြမ်းဖက်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်းနှင့် လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။