နေပြည်တော် ဩဂုတ် ၁၁
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၁၃-၈-၂၀၂၂ ရက် (စနေနေ့)တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ (၅၄)၊ အမှတ် (၃၃) တွင်သွားသန့်ရှင်းရေးကို စနစ်တကျပြုလုပ်ရန်နှင့် အချိုကိုလွန်ကဲစွာ စားသုံးခြင်းကြောင့် ရရှိလာနိုင်သည့်ဆိုးကျိုးအကြောင်းကို တင်ဆက်ထားသည့် “ပုပု-ပြောပြရဦးမယ်” မျက်နှာဖုံးကာတွန်း၊ ကမ္ဘာဂြိုဟ်၏မျက်နှာပြင် သဘာဝဝန်းကျင်နှင့်ပုံစံတူသော အင်္ဂါဂြိုဟ်အကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “စိတ်ဝင်စားစရာ အင်္ဂါဂြိုဟ်အကြောင်း” သုတဆောင်းပါး၊ အကြွေးထားခြင်းကို အကျင့်ဖြစ်နေသော ယုန်ငယ်လေးအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “နားရှည်-အကြွေးယူတတ်သူ” နှစ်မျက်နှာကာတွန်း၊ အယ်ဒီတာကြီးဖြစ်ချင်သော သုံးတန်းကျောင်းသူလှကလေး၏ မြန်မာစာ၊ မြန်မာစကားကို လေးစားတန်ဖိုးထားပုံအကြောင်း တင်ဆက်ထားသည့် “အယ်ဒီတာကြီးဖြစ်ချင်တယ်” ဝတ္ထုကဏ္ဍ၊ မေ့တတ်လို့ပါဆိုသော သမီးလေးဟန်သီအကြောင်း ရေးဖွဲ့ထားသည့် “ဟန်သီမ” တစ်မျက်နှာကာတွန်း၊ ကြက်ကလေးများအကောင်ပေါက်ရန်အတွက် စောင့်ရကျိုးနပ်သည်ဆိုသော ကြက်မေမေအကြောင်း ရေးဖွဲ့ထားသည့် “အလုပ်များနေတဲ့ ကြက်မေမေ” ပုံပြင်ကဏ္ဍ၊ မြန်မာလူမျိုးတို့အတွက် အဖိုးတန်လှသော ဆန်စပါးကို တန်ဖိုးထားတတ်ရန်နှင့် ကျေးဇူးကြီးမားလှသော တောင်သူဦးကြီးတို့အကြောင်း ရေးဖွဲ့ထားသည့် “ဆန်” ကဗျာကဏ္ဍအပါအဝင် ဉာဏ်စမ်းကဏ္ဍနှင့် အင်္ဂလိပ်စကားဝိုင်းကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင်ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်