မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ ကျေးလက်ဒေသနေ ပြည်သူအများစုသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်ကြသည်။ ထို့ကြောင့် ကျေးလက်စီးပွားကုန်ထုတ်လုပ်ငန်းများကို ယခုထက် ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်လျှင် တိုင်းပြည်လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာမည်ဖြစ်သည်။
ကျေးလက်စီးပွားကုန်ထုတ်လုပ်ငန်းများကို လေ့လာကြည့်မည်ဆိုပါက ရှိပြီး ရေခံ၊ မြေခံ အခြေခံကောင်းပေါ်တွင် သမားရိုးကျလုပ်ရိုးလုပ်စဉ်အတိုင်းများသောအားဖြင့် လုပ်ကိုင်ကြသည်။ ရေခံ၊ မြေခံကောင်းများနှင့် စွမ်းအားအရင်းအမြစ်များ ရှိနေသော်လည်း ခေတ်မီနည်း စနစ်၊ သုတေသနရှာဖွေဖော်ထုတ်မှုအသစ်များဖြင့် ဆောင်ရွက်နိုင်မှုအားနည်းသောကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထင်သလောက်ခရီးမပေါက်ဖြစ်နေသည့်သဘောရှိသည်။ ထို့ကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံသားတိုင်း အသက်ရှင်နေထိုင်နိုင်ရန်အတွက် စားရေရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးဧက စုစုပေါင်း ၃၃ သန်းခန့်ရှိပြီး စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် ဝါကို အဓိကစိုက်ပျိုးကြသည်။ အချို့နေရာများတွင် တစ်သီးစားနှင့် အချို့နေရာများတွင် နှစ်သီးစားစိုက်ပျိုးကြသည်။ စိုက်ပျိုးရေးတွင် ဆန်စပါးကို အဓိကစိုက်ပျိုးကြရာ နိုင်ငံအတွင်း လူတစ်ဦး တစ်နှစ် ဆန်စားသုံးမှုမှာ ၁၅၅ ကီလိုဂရမ်(၉၇ ပြည်ခန့်) စားသုံးသဖြင့် ပြည်တွင်း၌ ဆန်ဖူလုံမှုရှိသည်။ မျိုးကောင်းမျိုးသန့်ဖြင့် အထွက်တိုးစိုက်ပျိုးလျှင် ပြည်ပသို့နှစ်စဉ်တင်ပို့နိုင်ပြီး နိုင်ငံ့စီးပွားတိုးတက်မည်ဖြစ်သည်။ ထို့ကြောင့် ဆန်ကို ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်လျက်ရှိသည်။
ပြည်သူများ စားရေရိက္ခာဖူလုံမှုရှိစေရေးနှင့် ဝဝလင်လင်စားသုံးနိုင်ရေးအတွက် အဓိကစားသုံး သည့် ဆန်နှင့်ဂျုံကို ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန် ဦးစားပေးဆောင်ရွက်နေသည်။ ထို့အပြင် အခြားသောဖြည့်စွက်စားကုန်များကိုလည်း တစ်ဖက်တစ်လမ်းမှ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်အောင် ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်ထက်တစ်နှစ် လူဦးရေတိုးတက်လာသည်နှင့်အမျှ ဆီစားသုံးမှုမှာများပြားလာသည်။ ထို့ကြောင့် ပြည်တွင်ဆီစားသုံးမှုဖူလုံစေရေးအတွက် နေရာဒေသမရွေး စိုက်ပျိုးနိုင်သော၊ စားသုံးဆီထုတ်လုပ်ရေးကို တိုက်ရိုက်အကျိုးပြုနိုင်သော တစ်ဧက ဆီထွက်နှုန်း ပိဿာ ၁၄၀ ခန့်ရရှိနိုင်သည့် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးအား လုပ်ကိုင်နေသည်ကို တွေ့ရသည်။
၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရေးရာသီတွင် နေကြာသီးနှံကို တစ်နိုင်ငံလုံး စိုက်ဧက ၁ ဒသမ ၅ သန်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်အောင် လျာထားဆောင်ရွက်လျက်ရှိသည်။ သီးသန့်စိုက် ဧရိယာ ၆၉၀၀၁၇ ဧကအတွက် လိုအပ်မည့်စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၀၀ ဒသမ ၂၄၈ ဘီလီယံကို နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ အထူးချေးငွေ ရန်ပုံငွေမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ချေးခွင့်ပြုထားပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဆီနှင့်ပတ်သက်၍ စက်မှုသုံးဆီနှင့် စားသုံးဆီ နှစ်မျိုးရှိသည်။ စက်မှုသုံးဆီကို လျှော့ချ၍ မဖြစ်နိုင်သော်လည်း စားသုံးဆီကို ပြည်သူများအနေဖြင့် လျှော့ချသုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်လည်းသက်သာ၊ ကျန်းမာရေးနှင့်လည်းညီညွတ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း ချွေတာနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဓိကစိုက်ပျိုးနေသည့်သီးနှံများအနက် ဆန်နှင့် မြေပဲသီးနှံတို့သာ ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ကျန်သီးနှံများနှင့် ဆီထွက်အခြားသီးနှံများကို ထပ်မံကြိုးစားစိုက်ပျိုးထုတ်လုပ်ရန် လိုအပ်လျက်ရှိသည်။ ထို့ကြောင့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေးကို ဒေသအလိုက် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ စိုက်ဧကများကို လည်း တိုးချဲ့၊ အထွက်နှုန်းလည်း တိုးတက်အောင်ဆောင်ရွက်ပြီး ပြည်သူများကလည်း ဆ�