Skip to main content

သာသနာရေးဦးစီးဌာန အရာထမ်း(ဦးစီးအရာရှိ) မွမ်းမံသင်တန်း ဖွင့်လှစ်

နေပြည်တော် ဩဂုတ် ၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန၏ ဦးစီးအရာရှိများလုပ်ငန်း စွမ်းဆောင်ရည်တိုးတက်မြင့်မားရေး အရာထမ်း(ဦးစီးအရာရှိ) မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးအေးထွန်းက ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ သိရှိနားလည်စေရန်၊ ရုံးလုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်နိုင်စေရန်နှင့် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို သိရှိနားလည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြစေရန် သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လက်တွေ့ကြုံရမည့်လုပ်ငန်းများကို သိရှိနားလည်စေရန်နှင့် စာတွေ့လက်တွေ့ ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ထုတ်ပြန်သောညွှန်ကြားလွှာများ၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေများ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဝိနိစ္ဆယလက်စွဲများ၊ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းတို့ကို အမြဲလေ့လာဆည်းပူးရန်လိုကြောင်း၊ တာဝန်ယူ ဆောင်ရွက်ရသည့်လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ လုပ်ငန်းကျွမ်းကျင်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှုတို့ဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ရွေးချယ်ခန့်အပ်ခြင်းခံရသော ဦးစီးအရာရှိ ၁၂ ဦးနှင့် ဌာနအတွင်းမှ ဦးစီးအရာရှိ ခုနစ်ဦး စုစုပေါင်းသင်တန်းသား ၁၉ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်