Skip to main content

ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း​ ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၅

၂၀၂၂ ခုနှစ် (၆၁) ကြိမ်မြောက်ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်အားကစားကွင်း၌ ပြုလုပ်ရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ အရာရှိ/စစ်သည်၊ မိသားစုဝင်များ၊ တပ်မတော်ပြေးခုန်ပစ်အဖွဲ့မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ဆုရရှိသော အားကစားသမားများကို တာဝန်ရှိသူများကလည်းကောင်း၊ တံခွန်စိုက်ဒိုင်းဆုရရှိသော အသင်းအား ကာကွယ်ရေးဦးစီချုပ်(လေ)ကိုယ်စား လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်ကလည်းကောင်း ဆုများပေးအပ်သည်။

အဆိုပါပြေးခုန်ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် ဩဂုတ် ၁ ရက်မှ ၅ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်