နေပြည်တော် ဩဂုတ် ၅
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအဆင့် သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲများတွင် အမှတ်အများဆုံးရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံးရရှိသည့် အခြေခံပညာကျောင်းများနှင့် မြို့နယ်များကိုလည်းကောင်း၊ ခြောက်ဘာသာဂုဏ်ထူးရှင် ၇၈ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၂၁၂ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၃၅၈ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၅၅၃ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၉၈၃ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၄၁၅၃ ဦးတို့ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်