Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၅

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ကွန်ပျူတာဘာသာရပ်သည် Electronic Device ကို ကျွမ်းကျင်စွာအသုံးပြုနိုင်သည့် ပညာရပ်တစ်ခုဖြစ်ပြီး Communication စနစ်အတွက် အရေးပါသည့်အချက်ဖြစ်ကြောင်း၊ Computer နည်းပညာကို လက်တွေ့ ရုံးလုပ်ငန်းများတွင် အသုံးချနိုင်ရန်နှင့် Update ဖြစ်စေရန် စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင်က ပထမဆု၊ ဒုတိယဆုများ ရရှိကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းသား ၂၄ ဦး ကိုယ်စား သင်တန်းသားတစ်ဦးကို သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်