နေပြည်တော် ဩဂုတ် ၄
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ယနေ့ညနေပိုင်းက နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များက လယ်ဝေးမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ အသားတိုးကြက်မွေးမြူထားရှိမှု၊ ဥစားကြက်မွေးမြူထားရှိမှု၊ နို့စားနွား၊ အသား တိုးနွား မွေးမြူထားရှိမှုနှင့် ဆိတ်မွေးမြူထားရှိမှုတို့ကိုသွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်