မူပိုင်ခွင့်ဦးစီးဌာနသည် မူပိုင်ခွင့်ဥပဒေများဖြစ်သော ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီ ဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ မူပိုင်ခွင့်ဥပဒေများအရ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အတွက် အီလက်ထရောနစ် မှတ်ပုံတင်စနစ်- WIPO FILE ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ WIPO FILE သည် အမှတ်တံဆိပ် မှတ်ပုံတင်လျှေက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသည့်လုပ်ငန်း၊ ကုမ္ပဏီ၊ ဥပဒေအကျိုးဆောင်အဖွဲ့ (Law Firm)များအတွက် ရည်ရွယ်ပါသည်။
ဦးစွာအသုံးပြုသူများကို အခွင့်အရေးပေးသောစနစ် (First to Use System) မှ ဦးစွာ လျှောက် ထားသူကို အခွင့်အရေးပေးသောစနစ် (First to File System) သို့ ကူးပြောင်းရာတွင် အဆင်ပြေချောမွေစေရန်အလို့ငှာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၉၃၊ ပုဒ်မခွဲ(က)ပါ အမှတ်တံဆိပ် ပိုင်ရှင်များအတွက် အမိန့်အမှတ် ၆၃/၂၀၂၀ ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
အမိန့်အမှတ် (၆၃/၂၀၂၀) အရ အမှတ်တံဆိပ်မှတ်ပုံတင်လျှေက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ်ဆောင်ရွက်နေသည့် လုပ်ငန်း၊ ကုမ္ပဏီ၊ ဥပဒေအကျိုးဆောင်အဖွဲ့ (Law Firm) များသည် ပထမအဆင့်အနေဖြင့် WIPO FILE မှတစ်ဆင့် အမှတ်တံဆိပ်ဟောင်း မှတ်ပုံတင်လျှောက်လွှာများကို လျှောက်ထားရမည်ဖြစ်သည်။ မှတ်ပုံတင်လျှောက်ထားခြင်း ဒုတိယအဆင့်ကို ထပ်မံကြေညာသွားမည်ဖြစ်ပါသည်။