Skip to main content

မုတ်သုန်ရာသီ မိုးနှမ်းဆီသို့

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၃.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ပေါင်းတည်မြို့နယ်အတွင်း နတ်ပုတီးကျေးရွာရှိ  မိုးနှမ်းစိုက်ပျိုးသော တောင်သူနှင့်တွေ့ဆုံ၍ တစ်ဧကကုန်ကျစရိတ်၊ အကျိုးအမြတ်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်း လေ့လာခဲ့ပါသည်။

ပေါင်းတည်မြို့နယ်၊ နတ်ပုတီးကျေးရွာရှိ မိုးနှမ်းစိုက်ပျိုးသူတောင်သူနှင့် တွေ့ဆုံဆွေးနွေးရာ နှမ်းတစ်ဧက စိုက်ပျိုးရာတွင် ထွန်ယက်စိုက်ပျိုးခနှုန်းထားမှာ (၆၅၀၀၀) ကျပ်ခန့်ရှိပြီး တစ်ဧကလျှင် မျိုးနှမ်း(၄) ပြည် ကျဲပက်ရပြီး မျိုးနှမ်းတစ်ပြည်လျှင် (၈၀၀၀)ကျပ်ဖြင့် ဝယ်ယူကျဲပက်ရပါသည်။ သွင်းအားစုအနေဖြင့် အပင်ငယ်မှစ၍ အပင်ကြီး၍ နှုတ်သိမ်းချိန်အထိ (၉၅၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ စိုက်ပျိုးပြီး (၃) လအကြာတွင် နှမ်းများစတင် ရိတ်သိမ်းရပြီး နှမ်းတစ်ဧက ရိတ်သိမ်းခမှာ (၂၅၀၀၀) ကျပ်နှင့် နှမ်းစည်းခမှာ (၂၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။ နှမ်းတစ်ဧက စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်မှာ (၂၃၇၀၀၀) ကျပ်ခန့်ရှိကြောင်း သိရပါသည်။ တစ်ဧကလျှင် နှမ်းအထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် ၁၀ တင်းခန့် ထွက်ရှိပြီး၊ နှမ်းကောင်းလျှင် ၁၂တင်း ခန့်ထွက်ရှိသည်ဟု သိရပါသည်။ မိုးနှမ်းတစ်တင်းလျှင် ၈၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ် အထိရရှိ၍ တစ်ဧကဝင်ငွေမှာ (၁၀) သိန်းကျပ်ခန့်ရရှိသည်ဟု သိရပါသည်။ တောင်သူတစ်ဧက အသားတင် အကျိုးအမြတ်အနေဖြင့် (၇၆၀၀၀၀)ခန့် ရရှိသည်ဟု သိရှိရပါသည်။

ပြည်တွင်း စားသုံးဆီဖူလှုံရန်အတွက် ဆီထွက်သီးနှံဖြစ်သော နှမ်းကို ပိုမိုတိုးချဲ့စိုက်ပျိုးလျှင် တောင်သူများအနေဖြင့် အကျိုးအမြတ် ပိုမိုရရှိနိုင်ပြီး နိုင်ငံအတွက်လည်း စားသုံးဆီ ဖူလုံလာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

DOCA(ပဲခူး)