နေပြည်တော် ဩဂုတ် ၁
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ နိဗ္ဗိန္ဒကျောင်းတိုက်သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကောလိပ်ကုက္ကိုလ် စာသင်တိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ရွှေဂူကျောင်းတိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ဝိစိတ္တရာမညောင်ဝိုင်း ကျောင်းတိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်ရှိ မြို့ဦးကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်